ဆရာကြီးဦးဌေးအောင် ၏ ထေရုပ္ပတ္တိ အကျဉ်း

မဟာသဒ္ခမ္ခ္မဇောတိကဓဇ ဆရာကြီးဦးဌေးအောင်ဆရာကြီးဦးဌေးအောင်ကို မြန်မာသက္ကရာဇ်၁၂၈၇ခုနှစ် နတ်တော်လဆန်း၁၄ရက၊် ခရစ်နှစ် ၁၉၂၅ခုနှစ် ၊နိုဝင်ဘာလ၂၈ရက် စနေနေ့ ည၁၀နာရီခွဲအချိန်တွင် အဖဦးသိန်းအောင်၊အမိဒေါ်လှမြင့်တို့က စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ကောလင်းမြို့၌မွေးဖွားခဲ့ပါသည်။မောင်နှမ(၃)ဦးရှိပြီး အကြီးဆုံးသားဖြစ်သည်။

ဆရာကြီးဦးဌေးအောင်သည် စစ်မဖြစ်မီအချိန်က မန္တလေးမြို့တွင် ဗုဒ္ဓဘာသာကျောင်း၌အလယ်တန်အောင်သည်အထိ ပညာသင်ကြားခဲ့သည်။စစ်အတွင်းစစ်ကိုင်းတောင်ရိုးရတနာဓူဝံချောင် ဘကြီးဆရာတော်ကြီးထံတွင် သာမဏေဝတ်၍ ပါဠိဘာသာနှင့်ဗုဒ္ဓကျမ်းစာများကိုသင်ယူခဲ့သည်။အသက်(၂၀)တွင် ရတနာဓူဝံဆရာတော်ကြီးအား ဥပဇ္ဈာယ်ပြု ၍ရဟန်းဝင်ကာာပါဠိစာပေများကို ဆက်လက်လေ့လာသည်။

၁၉၄၇ခုနှစ်တွင်တက္ကသိုလ်ဝင်တန်းကိုမန္တလေးဗုဒ္ဓဘာသာ အထက်တန်းကျောင်းမှအောင်မြင်သည်။မန္တလေးတက္ကသိုလ်တွင်ရဟန်းဝတ်ဖြင့်တက္ကသိုလ်ပညာသင်ယူခဲ့ပြီး ၁၉၅၂ခုနှစ်တွင် ဘီအက်စ်စီဘွဲ့ရရှိခဲ့သည်။၁၉၅၃ခုနှစ်တွင် ရန်ကုန့်တက္ကသိုလ်တွင် လူဝတ်နှင့်ရူပဗေဒ မဟာသိပ္ပံတန်းတက်သည်။၁၉၅၄ခုနှစ်နိုင်ငံတော်အစိုးရပညာတော်သင်အဖြစ်မိုးလေဝသပညာကိုအမေရိကန်ပြည်ထောင်စုဖလော်ရီဒါတက္ကသိုလ်တွင်သင်ယူခဲ့သည်။၁၉၅၆ခုနှစ်တွင်မိုးလေဝသပညာ ဘီအက်စ်စီဘွဲ့ရပြီးမြန်မာပြန်လာ၍ မိုးလေဝသဌာန၌(၃၂)တိုင်တိုင် အမှုထမ်းခဲ့သည်။ဆရာကြီးနှင့်ဇနီးဒေါ်အေးမြင့်တို့တွင် သားတစ်ဦး၊ကိုသန်းဌေးအောင်ထွန်းကားခဲ့ပါသည်။

၁၉၈၉ခုနှစ်မှစ၍ ဗုဒ္ဓဒေသနာနှင့်ဝိပဿနာပြန်ပွားရေအဖွဲ့ဖွဲ့စည်း ၍ဗုဒ္ဓဒေသနာကိုစနစ်သစ်ဖြင့်လေ့လာသောသင်တန်းများကို စတင်ပို့ချခဲ့သည်။၁၉၈၇ခုနှစ်တွင်ဒုတိယညွှန်ကြားရေးမှူးအဖြစ်နှင့်မိုးလေဝသဌာနမှအငြိမ်းစားယူခဲ့သည်။အပြည်ပြည်ဆိုင်ရာ ဝိပဿနာ  အဖွဲ့(I.M.C)ရန်ကုန်ရိပ်သာတွင်နှစ်နှစ်ကျော်တရားအားထုတ်ခဲ့သည်။

၁၉၈၉ခုနှစ်မှစ၍မန္တလေးမြို့နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် တွဲဖက်ပါမောက္ခအဖြစ်လည်းကောင်း၊မန္တလေးမြို့ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် သံဃာတော်များအား ပို့ချခဲ့ပါသည်။၂၀၀၅ခုနှစ်တွင် ဆရာကြီးဦးဌေးအောင်အားနိုင်ငံတော်အစိုးရမှ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့ကိုချီးမြှင့်ခဲ့ပါသည်။

ဆရာကြီးဦးဌေးအောင်သည်စနစ်သစ်ဖြင့်လေ့လာသော ဗုဒ္ဓဒေသနာသင်တန်းများနှင့်ဗုဒ္ဓနည်း နာမ်ရုပ်လေ့ကျင့်ရေး တရားတော်စခန်းများကိုရန်ကုန်နှင့်မန္တလေးမြို့များတွင် ၂၀၁၀ခုနှစ်အထိ ပို့ချပေးခဲ့သည်။ ထို့ပြင် ဆရာကြီးဦးဌေးအောင်အား(၂၆-၆-၂၀၁၁)ရက်၊တနင်္ဂနွေနေ့တွင် နိုင်ငံတော်သဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သာသနာ့တက္ကသိုလ်များ၏အဓိပတိဖြစ်တော်မူသော ဗန်းမော်ဆရာတော်ကြီး အရှင်ကုမာလဘိဝံသနှင့်သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က လက်မှတ်ရေးထိုး၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး) တက္ကသိုလ်ဂုဏ်ထူးဆောင်အသိအမှတ်ပြုမော်ကွန်းတင်ဂုဏ်ပြုလွှာကိုလည်းထိုတက္ကသိုလ်များအနက် ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့ခြင်းအတွက်ချီးမြှင့်ခံခဲ့ရပါသည်။

ဆရာကြီးဦးဌေးအောင်၏သာသနာပြုလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆက်လက်တည်ရှိနိုင်ရန်ဆရာကြီးကိုယ်တိုင် သိန်း(၁၀၀၀)အလှူငွေမတည်၍့်ဗုဒ္ဓဒေသနာနှင့် ဝိပဿနာပြန့်ပွားရေးအဖွဲ့(မန္တလေး)ကို ဖွဲ့စည်းကာဆက်လက်ဆောင်ရွက်နေခြင်းကို အားလုံးက ဝမ်းမြောက်နုမော် သာဓုခေါ်လျက်ရှိကြပေသတည်း။

            ဆရာကြီး-နိဗ္ဗာန်မဂ်ဖိုလ်ကို လွယ်ကူလျင်မြန်စွာ မျက်မှောက်ပြုနိုင်ပါစေသတည်း။ ။

            ရိုသေစွာဖြင့်-